ဝမ်းတွင်းမြို့နယ်ရှိအခြေခံပညာအထက်တန်းကျောင်းများ၌ကျောင်းအပ်နှံရေးများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

ဝမ်းတွင်း  မေ ၂၈

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ်အထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်ကျောင်းအပ်နှံရေးများကိုနေ့စဉ် နံနက် (၉)နာရီမှစတင်ကာ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံရာတွင်ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအနေဖြင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာအခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများမှဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးအပ်သောကျောင်းသုံးပြဌာန်းစာအုပ်များ၊ဗလာစာအုပ်၊ခဲတံ၊ဘောပင်၊Face Shield၊များကိုအခမဲ့​ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၁၄)ကျောင်း၊အထက်တန်းကျောင်းခွဲ(၂၇)ကျောင်း၊အလယ်တန်းကျောင်း(၁၉)ကျောင်း၊အလယ်တန်းကျောင်းခွဲ(၁၆)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၄)ကျောင်း၊ မူလတန်းကျောင်း (၆၉)ကျောင်းတို့ရှိပြီး ကျောင်းသား/သူများအတွက်ကျောင်းအပ်နှံရေးလက်ခံဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာကျောင်းများအလိုက် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်