ပျဉ်းမနားမြို့နယ်တွင် တောင်သူလယ်သမားများအား စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

 

ပျဉ်းမနား    ဧပြီ  ၂၃

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာဦးစီး ဌာနက စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများအား လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ အလုပ်သမားရှာဖွေရသည့် အခက်အခဲလျေားကျခြင်းနှင့် လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှု ပိုမိုလျင်မြန်စေရန်ရည်ရွယ်ကာ စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်စိမ့်ပင်ကျေးရွာ၌ ကျင်းပသည်။

           

ထို့သို့ လက်တွေ့ပညာပေးသရုပ်ပြရာတွင် ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသွယ်မောင်မောင်ထွန်းက ဦးဆောင်ကာ ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်စိမ့် ပင်ကျေးရွာရှိ ကွင်းအမှတ်(၁၇၂၁)တွင် (SPV 6 CMD) Kubota အမျိုးအစား ကောက်စိုက်စက်ဖြင့် စပါး ပျိုးပင်များ စိုက်ပျိုးခြင်း၊ စပါးမျိုးချစိုက်ပျိုးခြင်းများကို လက်တွေ့သရုပ်ရာ စက်မှုလယ်ယာဦးစီး ဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝေနှင့် တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးသိုက်ဝေးဖြိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  အနီးပတ်ဝန်းကျင် ကျေးရွာများက စပါးစိုက် တောင်သူလယ်သမားများ တက်ရောက်ကြည့်ရှုကြကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)