နေပြည်တော် ဧပြီ ၂၃
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေ နည်းပါးလာသည်နှင့် အမျှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်သည့် ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာနှင့် ဖက်တဲကုန်းကျေးရွာများသို့ သောက်သုံး ရေဂါလံ(၁၀၀၀)စီအား ယမန်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နေခြည်ဇာဝေနှင့် ဝန်ထမ်းများက သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ သောက်သုံးရေ ဂါလံ(၁၀၀၀)စီအား စက်ကုန်းကျေးရွာရှိ အိမ်ခြေ(၁၂၁)အိမ်နှင့် ဖက်တဲကုန်းကျေးရွာရှိ အိမ်ခြေ(၆၈)အိမ်အတွက် ရေသယ်ယာဉ်များဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေရှားပါးသော ကျေးရွာများသို့ ကျေးရွာအရောက် ရေသယ် ယာဉ်များဖြင့် ဧပြီလ ၂၂ရက်နှင့် ၂၃ရက်နေ့အထိ နှစ်ရက်တိုင်တိုင်သွားရောက် လှူဒါန်းပေး သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)