လယ်ဝေးမြို့၌ မြန်မာ့သိုင်းအခြေခံသင်တန်းဖွင့်လှစ်

 

လယ်ဝေး      ဧပြီ  ၂၃

 

ပြည်ထောင်စုနယ်၊ နေပြည်တော် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်းအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက လယ်ဝေးမြို့နယ် စမတောင်မဟာပရ ဟိတကျောင်းတွင် ဖွင့်လှစ်သည်။

 

ရှေးဦးစွာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းရွှေက မြန်မာ့သိုင်း အခြေခံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြည်ထောင် စုနယ်မြေ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက အားကစားအထောက်အကူပြုပစ္စည်းများအား စမတောင်မဟာပရဟိတကျောင်းသို့ ပေးအပ်လှူ ဒါန်းခဲ့သည်။

 

ထို့နောက် မြန်မာ့သိုင်းအဖွဲ့မှ အားကစားနည်းပြများဖြစ်သည့် နေပြည်တော်သိုင်း ဆပ်ကော်မတီ နာယကဆရာကြီး ဦးကိုကြီး၊ ဒုတိယ ပင်မဆရာကြီး ဦးမျိုးထွန်းနှင့် လက်ထောက်ဆရာကြီး ဦးဇော်မင်းအောင်တို့နှင့် မိတ်ဆက်ပေးပြီး ထိုသိုင်းဆရာကြီးများက သင်တန်းသား၊သင်တန်းသူ(၈၀)ဦးအား (၂၃.၄.၂၀၂၁)မှ (၆.၅.၂၀၂၁)ရက်အထိ မြန်မာ့သိုင်း အခြေခံပညာကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)