အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ဂန့်ဂေါ ဧပြီ ၂၃
၂၀၂၁ ခုနှစ် ဧပြီလအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဧပြီ ၂၁ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိရာ ဧပြီ ၂၁ ရက်တွင် ၅၀၀ ဦး၊ ဧပြီ ၂၂ ရက်တွင် ၄၆၈ ဦးတို့အတွက် ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ ၂၂၀၀ ကျော်တို့အတွက် ပင်စင် လစာငွေများ လစဉ်ထုတ်ပေးလျက်ရှိပြီး ရုံးဖွင့်ရက်များ၌ လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးပန်ကြားထားသည့်အပြင် ကိုဗစ် ၁၉ ကာကွယ်ရေးဆိုင်ရာများကိုလည်း လိုက်နာ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
တောင်သားမောင်သန်း