ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)ကျင်းပ

 

နေပြည်တော်    ဧပြီ   ၂၉

ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဦးအေးလူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို  အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကဲ့သို့ ဌာနဆိုင်ရာများနှင့်တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုလည်း ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

 အောင်ကို(ပြန်/ဆက်)