အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ရန်ကုန် ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်လုံးကို လူ(၁၀)ဦးအထိ ထိုးနှံပေး လျက်ရှိပြီး ပထမအကြိမ် ထိုးနှံပြီးသူများသည် ဒုတိယအကြိမ်အဖြစ် ထိုးနှံပြီး (၂၈)ရက်အကြာ တွင် ထပ်မံထိုးနှံရမည် ဖြစ်ပြီး အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန် ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ် ကျန်းမာရေးမှူး (စီမံ/ဘဏ္ဍာ) မှ ဒေါက်တာ မိုးမိုးမြင့်နှင့် ဝန်ထမ်းများက မတ်လ(၉)ရက်နေ့မှစတင်၍ နေ့စဉ် နံနက် (၉)နာရီအချိန်မှ ညနေ(၃)နာရီအချိန်အထိ လူဦးရေအကန့်အသတ်မရှိ ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံ သူများအား ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်းများကို ဝေငှခဲ့ပြီး အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက် နေပြည်သူ(၃၂၀၀)ဦး ကျော်ကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)