ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံ

ကော့ကရိတ် ဧပြီ ၂၉

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္က ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကော့ကရိတ်ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ()ရပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ()ရပ်နှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းအောင် နေထိုင်ရမည်ဖြစ်ကြောင်းမည်သည့်အစိုးရတက်တက် မိမိလုပ်ငန်းများကို တာဝန်ကျေပွန်အောင် ထမ်းဆောင်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေထွန်းအောင်က ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများမှ မြို့နယ်အဆင့် မွမ်းမံသင်တန်း တက်ရောက်ခဲ့သည့် ရာခိုင်နှုန်းများ၊ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် ဆေးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ထိုင်းနိုင်ငံမှ ကော့ကရိတ်မြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားလူဦးရေစာရင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေနှင့် ကော့ကရိတ်မြို့နယ်အတွင်းဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလျာထားချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌမှ ငွေကျပ် (၁၇)သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ခေါက်ဆွဲ (မားမား)စသည့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကော့ကရိတ်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား အမှတ် (၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး (ပထမတန်းဒုတိယဗိုလ်မှူးကြီး ကျော်စွာမျိုးက လက်ခံရယူခဲ့သည်။ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တက်ရောက်လာသော ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန် /ဆက်)