ရွာငံ ဧပြီ ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်တောင်သူအသိပညာပေးဆွေးနွေးပွဲများကို ယမန်နေ့က မြိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် မြင်းကျဒိုးကျေးရွာအုပ်စုအတွင်းရှိ် မင်းတိုင်ပင် သစ်တောစခန်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအာကာလင်းမှ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် သေချာသည့်ကုန် ထုတ်လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ၊ သမားရိုးကျမိရိုးဖလာနည်းလမ်းများအစား ခေတ်မီနည်းပညာများအသုံးပြု ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ရွာငံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးသန့်က စိုက်ပျိုးရေးနှင့်ပတ်သက်၍ မျိုး၊ မြေ၊ ရေ နည်းလမ်းများဆိုင်ရာများကို လည်းကောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မျိုး၊ အစာ၊ အဟာရနည်းပညာဆိုင်ရာများနှင့် စိုက်ပျိုး ရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP) ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက် လာသည့်တောင်သူများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများသည် ရွာငံမြို့ရှိ အနန္တစိန မျက်စိဆေးရုံကြီးတွင် အခမဲ့မျက်စိခွဲစိတ်ကုသနေမှုများနှင့် လာရောက်ကုသပေးသော ဆရာဝန် များအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း