အထက်မင်းလှ ဧပြီ ၂၉
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဌဦးတင့်လွင်နှင့် မင်းလှမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ ဆုံပွဲအခမ်းအနားကို ဧပြီ ၂၇ ရက်နေ့နံနက် ၈ နာရီခွဲက မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဦးတင့်လွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်မှာကြား ချက်များအပေါ် ဝန်ထမ်းများသိသင့် သိထိုက်သည် များကို ရှင်းလင်းပြောကြားမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယနေ့အချိန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်နေသည့်လုပ်ငန်းအရပ်ရပ်များအား (MRTV)၊ မြဝတီရုပ်မြင်သံကြား တို့မှ နေ့စဉ်သတင်းထုတ်လွှင့်ပြသနေသည်ဖြစ်သည့်အတွက် ဝန်ထမ်းများမှ အလေးအနက်ထားပြီး ကြည့်ရှုစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယနေ့ဖြစ်ပေါ်နေသည့်အကြောင်းအရာများတွင် နိုင်ငံတော် အနေဖြင့် ဘယ်လိုပြောင်းလဲနေလဲ၊ ဘာတွေလုပ်ဆောင််နေလဲဆိုတာသတိမထားဘဲ Facebook အပေါ် တွင် မမှန်မကန်တင်ထားသည့်အကြောင်းအရာများအားအမှန်ထင်မှတ်ပြီး လမ်းကြောင်းမှား နေသည် ကို တွေ့ရှိရပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဆောင်ရွက် နေသည့်စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့် အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုပါကြောင်း၊ မိမိတို့ ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် လိုအပ်ပါကြောင်း၊စီမံအုပ်ချုပ် ရေးကောင်စီအဆင့်ဆင့်ဖွဲ့စည်းပြီး နောက်ပိုင်းမှာ ဧည့်စာရင်းဥပဒေကို ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှတရားဝင်ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံ ရေးကင်းရှင်းပြီး မိမိတို့လုပ်ငန်း တာဝန်များကို ကျေပွန်စွာလုပ် ဆောင်ရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လိုအပ်သည့်အတွက်နိုင်ငံတော်မှ ဝန်ထမ်း များကိုခန့်ထားခြင်းဖြစ်ပြီး၊ နိုင်ငံတော်အပေါ်သစ္စာရှိရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့နည်းရေးအတွက်ဌာနဆိုင်ရာများက ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်းလမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့် က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်စိုးဦးကမင်းလှမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဆိုင်ရာအချက်အလက်များ အား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
တွေ့ဆုံပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်၊ သရက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်မျိုးလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်စိုးဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆိတ်မွေးမြူရေးခြံတွင် ဆိတ်မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအားလိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ပြီး၊ ထန်းကိုင်းကျေးရွာရေကျော်တံတားတည် ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)