သတင်းများ

ကသာမြို့ရှိ သံဃာတော်၊ သီလရှင်များနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံပေး
May 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကသာမြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများကို ဧပြီလ(၃၀) ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦ အသစ် ဆောက်လုပ်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်
May 01,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦအသစ် ဆောက်လုပ်ခြင်း ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ ပန္နက်တိုင်အား စိုက်ထူပေးခဲ့သည်။
သင်္ကြန်ကာလအပြီး မိုးရွာသွန်းသဖြင့် အညာတောင်သူများ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ကြပြီ
May 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သင်္ကြန်ကာလအပြီး တောင်သူများ စောင့်မျှော်နေကြ ဖြစ်သော မိုးဦးမိုး မှန်ကန်စွာ ရွာသွန်းသဖြင့် ဧပြီ(၃၀)ရက်နေ့မှ စတင်ကာ အညာတောင်သူများ လယ်ယာလုပ်ငန်း ခွင်ဝင်ရောက် လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ရေအခက်အခဲဖြစ်နေသော ဘုန်းတော်ကြီးကျောင်း တိုက်သို့ ရေများဖြည့်ဆည်းလှူဒါန်းပေး
May 01,2021
အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ရေများ ဖြည့်ဆီးလှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်၊ အကွက်(ခ/၄၁၆)၊ မန္တလေးတောင်ခြေရှိ ရေအခက်အခဲဖြစ်နေသော သိန်းသန်းမင်း ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ရေများ ဖြည့်ဆည်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း နိုင်လွန်ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး
May 01,2021
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့စည်ပင် သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ(၂၃၁)သန်းကျော်ဖြင့် တင်ဒါအောင်မြင်သည့် AOK Construction ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လမ်းခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ဆရာတော်/သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း
Apr 30,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ဆရာတော်/ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ မဟာသုန္ဒရာမကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်သည်။
ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးတွင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလက်ခံကုသပေး
Apr 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် မတ်လ၂၄ရက်နေ့ မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုကိုတိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူးဒေါက်တာ ဇော်မင်းထွန်း၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့၏ အနီးကပ်ကြီးကြပ် မှုဖြင့် အထူးကုဆရာဝန်ကြီး ၁၁ ဦး ၊ အထူးကုဆရာဝန် ၉ ဦး ၊ အထူးကုလက်ထောက်ဆရာဝန် ၅ ဦး ၊ ရိုးရိုး လက်ထောက် ဆရာဝန် ၄ ဦး ၊ သူနာပြု ၁၀၆ ဦးတို့က နေ့ညမပြတ် လူနာများအား လက်ခံကုသပေးလျက် ရှိကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသား များအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 30,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးက တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံသား များဖြစ်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ ချိန်က လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာမကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။