မန္တလေး မေ ၁
အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ရေများ ဖြည့်ဆီးလှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(ခ/၄၁၆)၊ မန္တလေးတောင်ခြေရှိ ရေအခက်အခဲဖြစ်နေသော သိန်းသန်းမင်း ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ရေများ ဖြည့်ဆည်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
"မီးသတ်တပ်ဖွဲ့များက မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းရဲ့ လမ်းညွှန်မှုနဲ့အညီ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသလို ဘုရားစေတီများကို ရေသပ္ပာယ်ပေးခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ရေလိုအပ်တဲ့နေရာတွေမှာ ရေများဖြည့်ဆည်း ပေးခြင်းတို့ကိုလည်း အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ဒီနေ့မှာလည်း ချိုးရေနဲ့သုံးရေ အခက်အခဲဖြစ်နေတဲ့ သိန်းသန်းမင်း ဘုန်းတော်ကြီး ကျောင်းတိုက်ကို လာရောက်ပြီး ရေများကို ဖြည့်ဆည်းလှူဒါန်းပေးခြင်းပဲဖြစ်ပါတယ်" ဟု အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်က ပြောပြသည်။
အဆိုပါ ရေလှူဒါန်းရာသို့ အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်က အနီးကပ်ကြီးကြပ်၍ ဒုတိယ မီးသတ်ဦးစီးမှူး ဦးစိုးသူရိန်ဖြိုးပါ သန္ဓေတပ်ဖွဲ့ဝင်(၄)ဦး၊ အရန်မီးသတ်တပ်စုမှူး အောင်ဝင်း ပါ အရန်မီးသတ် တပ်ဖွဲ့ဝင်(၆) ဦး စုစုပေါင်း(၁၀)ဦးတို့က ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ဆရာ တော်၊ သံဃာတော်များ ချိုးရေ၊ သုံးရေများ အဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် ရေဂါလံ(၂၄၀၀)ကို ရေကန်များအတွင်းသို့ ဖြည့်ဆီးလှူဒါန်းပေးခဲ့ ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)