ပုသိမ်မြို့တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ နေအိမ် (၅)လုံး မီးလောင်ကျွမ်းခဲ့
May 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၆) ရပ်ကွက်၊ကုသိန္နာရုံ (၁)လမ်းရှိ ပိုင်ရှင် ဦးအာရွတ် (၆၄) နှစ်၊(ဘ) ဦးမူတူး၏ ၁၆x၄၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တွင် ယနေ့နံနက် ၄ နာရီခန့်က မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ နယ်မြေမီးသတ်စခန်းသို့ တယ်လီဖုန်းသတင်းပေးပို့ခဲ့ရာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ်တစ်စီး၊ ပိုလန်နိုင်ငံထုတ် မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ပုသိမ်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ် တစ်စီး၊ ပုသိမ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ ငဝန်ကျွန်းသာနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး စုစုပေါင်း မီးသတ်ယာဉ် (၁၀)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မနက် ၄ နာရီ ၄၀ အချိန်တွင် မီးထိန်းနိုင်ပြီး ၄ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။