ပဲခူး မေ ၁
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ(၂၃၁)သန်းကျော်ဖြင့် တင်ဒါအောင်မြင်သည့် AOK Construction ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လမ်းခင်းခြင်း လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လမ်းအရှည် ၁၄၄၅ ပေ အကျယ် ၂၈ ပေ နှစ်လမ်းသွား၊ နှစ်လမ်းမောင်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရှိရသည်။
(ခရိုင် ပြန်/ဆက်)