မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦ အသစ် ဆောက်လုပ်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မကွေး မေ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦအသစ် ဆောက်လုပ်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ ပန္နက်တိုင်အား စိုက်ထူပေးခဲ့သည်။

ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး၊ အဆောက်အဦသစ်အား တာဝန်ယူ တည်ဆောက်မည့် အေဝမ်း (A1) ဆောက်လုပ်ရေးကုမ္ပဏီမှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်သိင်္ဂီလင်းမှ စုပေါင်းရုံး(၄)ထပ်ဆောင် တည်ဆောက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းဦး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီး တင့်ကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ အေဝမ်း(A1) ဆောက် လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးရန်ဝင်း၊ အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးအာကာကြိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ကံ တို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပန္နက်တိုင်များအား စိုက်ထူပေးခဲ့ပြီး အမွေးနံ့သာရေများ ပက်ဖျန်း ပေးခဲ့ကြသည်။

မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦသစ် ဆောက်လုပ်ခြင်းကို ပြည်ထောင်စု အစိုးရ ခွင့်ပြုရန်ပုံငွေကျပ်သိန်းပေါင်း နှစ်သောင်း နှစ်ထောင်ဖြင့် အလျား ၁၅၆ ပေ၊ အနံ ၇၈ ပေ၊ လေးထပ်ဆောင်ဖြစ်ပြီး၊ တင်ဒါအောင်မြင်ခဲ့သည့် အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လုပ်ငန်းကာလ(၁၁)လဖြင့် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အေဝမ်း(A1) ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ   တက်ရောက်ခဲ့ကြောင်း သိရသည်။

(မကွေးခရိုင် ပြန်/ဆက်)