ကသာ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကသာမြို့နယ်အတွင်းရှိ သံဃာတော် များ၊ သီလရှင်များနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ သံဃာတော်(၁၅၆)ပါး၊ သီလရှင် (၂၀)ပါး နှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၆၅)နှစ် အထက်ရှိသူ စုစုပေါင်း(၉၈၉)ဦးတို့ကို အချိန်ခွဲ၍ ထိုးနှံပေးခဲ့ကြောင်း၊ ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)