ရန်ကုန် မေ ၆
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ နွေရာသီကာလအတွင်း ရေရှားပါးသော ရပ်ကွက်နှင့်ကျေးရွာများသို့ သောက်သုံးရေများကို မေလ ၅ ရက်နေ့ နံနက်က သောက်သုံးရေများ လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ သောက်ရေ ဂါလန် ၁၄၀၀၀ အား ရေရှားပါးသော မြို့ပေါ် ရပ်ကွက်များဖြစ်သည့် တပင်ရွှေထီးရပ်ကွက်ရှိ ပြည်သူများအား သောက်ရေ ဂါလန် ၃၀၀၀၊ ညောင်ကုန်းရပ်ကွက်ရှိ ပြည်သူ များအား သောက်ရေ ဂါလန် ၃၀၀၀၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည်သူများအား သောက်ရေ ဂါလန် ၄၀၀၀၊ စံပြတံတားချောင်းကျေးရွာရှိ ပြည်သူများအား သောက်ရေ ဂါလန် ၄၀၀၀ တို့ကို အသီးသီး ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေများ လှူဒါန်းရာသို့ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ် ရေး အဖွဲ့နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်ပါကူညီ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် တာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး နှာခေါင်းစည်း ၁၀၀၀ ခုနှင့် လက်သန့် ဆေးရည်ဗူးကြီး ၃၀ ခု တို့အား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်လက်ထောက် ဆရာဝန် ဒေါက်တာ ထင်ရှားအောင် က လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်းသိရသည်။
နိုင်လင်းကျော်(IPRD)