မိုးညိုမြို့နယ်ပြည်သူ့ဆေးရုံတွင် လူနာများအားနေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန်ဆောင်ရွက် ပေးလျက်ရှိ

 

မိုးညို           မေ

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ် ဆရာ၀န်ကြီး ဒေါက်တာကျော်မိုး ကြီးကြပ်မှုဖြင့် ဆရာ၀န်၊ သူနာပြုတို့ဖြင့် နေ့ညမပြတ် လူနာများ အား လက်ခံ ကုသပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ကုသပေးလျက်ရှိရာ၌ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အတွင်းလူနာ(၁၆၀၀)ဦး၊ ပြင်ပ လူနာ(၂၃၈၅)ဦး၊ မွေးဖွားလူနာ (၁၈၈)ဦး၊ အကြီးစား/အသေးစားခွဲစိတ်လူနာ (၁၁၉)ဦးတို့အား ကုသ ပေး ခဲ့ကြောင်းသိရသည်။

ကိုမင်း(မိုးညို)