တောင်ကြီး မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးပြည်ထောင်စုလမ်းမကြီးဘေးရှိ တောင်ကြီးခရိုင် မီးသတ်ခရိုင်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် က နှုတ်ခွန်းဆက် စကားပြောကြားပြီး ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းစိုး တို့က ပြည်နယ်အတွင်းရှိ မီးသတ်ဦးစီးဌာနများမှ မီးသတ်ကျင့်ဝတ်ဆုရရှိသော တပ်ဖွဲ့ဝင်အရာရှိ နှင့်အခြားအဆင့် ဆုရရှိသူများ တစ်ဦးချင်းကို ဆုများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းစိုး၊ တောင်ကြီး ခရိုင် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးလှမင်း၊ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးမြင့်သန်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆုရရှိသော တပ်ဖွဲ့ဝင်အရာရှိနှင့် အခြားအဆင့်ဆုရရှိသူများ နှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)