ပွင့်ဖြူမြို့မစည်ပင်သာယာဈေးတွင် ယာယီပျံကျဈေးသည်များအား ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ် ရောင်းချခွင့်ပြု

 
ပွင့်ဖြူ မေ ၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့ပြည်သူ့အားကစားကွင်းအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ယာယီပျံကျ ဈေးသည်များကို ယမန်နေ့က စတင်ကာ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအတွင်း ကိုဗစ် - ၁၉ စည်းကမ်း ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးမှ သိရသည်။
ယခင်က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ် -၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ဈေးများမှ တစ်ဆင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယာယီပျံကျဈေးသည်များကို မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ကိုဗစ် - ၁၉ ကာကွယ်ရေးစည်းကမ်းချက် များနှင့် အညီ ဖွင့်လှစ်ရောင်းချခွင့် ပြုပေးထားကြောင်း သိရသည်။ ယခုအခါ ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှုများ ကာကွယ်ထိန်းချုပ် လာနိုင်ပြီဖြစ်သည့် အတွက် ဈေးရောင်းဈေးဝယ်သူများ အဆင်ပြေစွာ ဝယ်ယူ ရောင်းချနိုင်ရေးအတွက် ယခုလ ၄ ရက်နေ့မှစပြီး မြို့နယ်ပြည်သူ့ အားကစားကွင်းရှိ ယာယီပျံကျဈေးသည်များကို မြို့မစည်ပင်သာယာဈေးတွင် ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက် ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်း က ပြောသည်။
ရဲဝင်းနိုင်