မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီအတွက် သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၂၂၉၀၀ ပင် ပျိုးထောင်ထားရှိ

မြို့သစ် မေ၂၀

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သစ်တောများပြုန်းတီးမှုမှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် သစ်တောဦးစီးဌာ နရုံးဝင်းအတွင်း မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၂၂၉၀၀) ပင်ပျိုးထောင်ပြီးစီး ကြောင်း သိရသည်။

မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အတွက် ယင်းမာ (၃၀၀၀) ပင် ၊ ယူကလစ် (၇၀၀၀)ပင် ၊ လျှော်ဖြူ (၅၀၀၀)ပင် ၊ ရေတမာ (၃၀၀)ပင် ၊ တမာ(၃၀၀) ပင် ၊ မြန်မာကုက္ကိုလ် (၅၀၀)ပင် ၊ ကုလား ကုက္ကိုလ် (၁၀၀၀)ပင် ၊စိန်ပန်းလေး (၄၀၀) ၊ မာတာ ကွတ် (၁၅၀) ပင် ၊ မယ် ဇယ် (၃၀၀) ၊ ဗန်ဒါ (၂၅၀)ပင်နှင့်အခြားပျိုးပင်များ စုစုပေါင်း (၂၂၉၀၀) ပင်ကိုပျိုး ထောင်ထားရှိပြီးယခုနှစ်မိုးရာသီတွင် အကောင်အထည်ဖော်စိုက်ပျိုး သွားမည်ဖြစ် ကြောင်း သိရသည်။

ကိုဇော်