သာယာဝတီမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပမည်

သာယာဝတီ မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ ကျိုက်ထိုဇောတိကာရုံ ကျောင်းတိုက်၌ ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ထံမှသိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန်  ၁ ရက်နေ့မှ ၁၃ ရက်နေ့ထိနေ့စဉ် မွန်းတည့် ၁၂  နာရီမှ ညနေ (၄)နာရီချိန်ထိ ကျင်းပသွားမည်ဖြစ်ပြီး ဓမ္မာစရိယစာဖြေသံဃာ စာရင်းသွင်း ၂၂၈ ပါး နှင့် ပထမကြီး၊ ပထမလတ်၊ ပထငယ်၊ မူလတန်းစာဖြေသံဃာ စာရင်းသွင်း ၄၁ပါး တို့ စာရင်းပေး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း၊ နေ့ဆွမ်းကို ရပ်ကွက်အလိုက် အလှူရှင်များက အလှည့်ကျ ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ကျင်းပမည့် ကျိုက်ထိုဇောတိကာရုံ ကျောင်းတိုက် အတွင်း/အပြင် နေရာများကို ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ထံမှ သိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)