လှိုင်သာယာ (အရှေ့ပိုင်း) မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခြင်း ကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်း များ ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် မြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်း၊အလယ်တန်းနှင့် မူလတန်း ကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုအခါ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက မိမိတို့ တာဝန်ကျရာ ကျောင်းများ၌ ကျောင်းအပ်နှံရေး လုပ်ငန်းများကို အခမဲ့ဆောင်ရွက်ခြင်း၊နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့်ကျောင်းသုံးပြဌာန်းစာအုပ်၊ဗလာစာအုပ်၊ဘောပင်/ခဲတံ၊ mask face shield တို့ကို အခမဲ့ ပေးအပ် လျက်ရှိသည်။
လှိုင်သာယာ (အရှေ့ပိုင်း ) မြို့နယ်တွင် အထက်တန်းကျောင်း ( ၈ )ကျောင်း၊အထက်တန်းကျောင်းခွဲ(၅ )ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၄) ကျောင်းစုစုပေါင်း (၂၇ ) ကျောင်း ရှိကြောင်း နှင့် အမှတ် ၆ ရပ်ကွက် အ.ထ.က (ခွဲ) ကျောင်းနှင့် အမှတ်(၇)ရပ်ကွက်၊ အမှတ် (၁၇) မူလတန်းကျောင်းတို့တွင် ကျောင်းအုပ်ကြီးများ နှင့် ဆရာ၊ ဆရာမ များက ကျောင်းအပ်နှံရေးကို လက်ခံဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ဒေါ်ခင်ဝင်းမူ (ပြန်/ဆက်)