လှည်းကူး မေ ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခြင်းကြောင့် အခြေခံပညာကျောင်းများ ပြန်လှည်ဖွင့်လှစ်နိုင်ရေးအတွက် မေ (၂၄)ရက် နံနက်(၁၀:၀၀)မှ စတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး လက်ခံရာတွင် ပထမရက်နေ့အဖြစ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) အင်းတိုင်ကျောင်း၌ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား/ကျောင်းသူဦးရေ(၂၅၀)ဦး လာရောက် အပ်နှံကြောင်း သိရပြီး ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း (Mask) နှင့် Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံပေးသည့်အပြင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိကြောင်း သိရသည်။
သင်းမြတ်သော်(ပြန်/ဆက်)