ဂွ မေ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ရှိမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့်ဈေးသူ ဈေးသားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီခွဲက မြို့မဈေးကြီးရှေ့၌ မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့မဈေးကြီးရှေ့တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များက မီးငြိမ်းသတ်ယာဉ် ၁ စီးဖြင့် မြို့မဈေးကြီးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် လက်တွေ့မီးငြိမ်းမှုအား သရုပ်ပြလေ့ကျင့်ခဲ့ကာ မြို့နယ်မီးသတ်ဦးစီးမှူးက မီးသုံးစွဲ သော ဆိုင်ခန်းများတွင် မီးသုံးစွဲမှုစနစ် တကျရှိစေရေး၊ မီးသတ်ဆေးဗူးများစနစ်တကျ ထားရှိစေ ရေးနှင့် မီးဘေးအန္တရာယ်ဖြစ် ပေါ်လာပါက မိမိတစ်ဦးတည်း မငြှိမ်းသတ်ဘဲ အနီးအနား ရှိပတ်ဝန်းကျင်များကို အကူအညီတောင်းကြရန် အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ မီးလောင်မှု၊ မီးလန့်မှု များဖြစ်ပေါ်လာပါက မီးသတ်ဆေးဗူးကို ကျွမ်းကျင်စွာ အသုံးပြု တတ်စေရန် ဈေးကော်မတီဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးသူ ဈေးသားများကို လက်တွေ့ သရုပ်ပြမီးငြှိမ်းသတ်စေပြီး မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုကို သရုပ်ပြကြသည်။
ထို့နောက် တာဝန်ရှိသူများသည် မြို့မဈေးကြီးအတွင်း မီးသတ်ဆေးဗူးများ၊ မီးချိတ်မီးကပ်များ တပ်ဆင်ထားရှိမှုများအား လှည့်လည်ကြည့်ရှုပြီး အရေးပေါ်မီးငြှိမ်းသတ် နိုင်ရန်ရေလှောင်ကန် ရှိထားမှုနှင့် ရေသိုလှောင်ထားရှိမှုတို့အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရွှေရည်ဝင်း