သံတွဲ မေ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦး စီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်နှင့် ၀န်ထမ်းများသည် အသက် (၁၆) နှစ်မှ အသက်(၁၈) နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများ အား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိပျဉ်းမခုံ ကျေးရွာ အုပ်စုသို့သွား ရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်အထက် ၉၅ ဦးသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသည့်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာ များသို့လည်း အလားတူ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော် ထံမှသိရသည်။
သံတွဲ