ကျောက်တံတား မေ ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယမန်နေ့နေ့လယ် (၁) နာရီက စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား စာကြည့်တိုက်မှတ်ပုံတင် လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်ညွန့်ညွန့်က စာကြည့်တိုက် မှတ်ပုံတင်ရရှိသည့် စာကြည့်တိုက်များ၏ လိုအပ်ချက်များကို မေးမြန်းခြင်း၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက “သုတရိပ်သာ” စာကြည့်တိုက်မှ တင်ပြလာသည့် စာအုပ်စာစောင်လိုအပ်မှုအခြေအနေကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာအုပ်စာစောင်ရရှိရေးအတွက် တိုင်းဒေသကြီးစာကြည့်တိုက် ကြီးကြပ်မှုကော်မတီသို့ ပြန်လည်တင်ပြပေးရမည်ဖြစ်သဖြင့် လိုအပ်သည့်စာရင်းစာဇယားများနှင့် အတူ(၂၆.၅.၂၀၂၁)ရက်နေ့အရောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ အရောက်ပေးပို့ပေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ညွန့်ညွန့်က ကျောက်တံတားမြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်(၂)တိုက်အား စာကြည့်တိုက် မှတ်ပုံတင်လက်မှတ်များကို ပေးအပ်ခဲ့ပြီး နောက်တက်ရောက်လာသည့် စာကြည့်တိုက်များမှလည်း မိမိတို့စာကြည့်တိုက်အခြေအနေများကို အသေးစိတ်ဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်