မူဆယ် မေ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ အသက်(၁၈)နှစ်ပြည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသာစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီမှ စတင်ပြီး မူဆယ်ခရိုင် စုပေါင်းရုံးခန်းမ(OSS)ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရ ပါသည်။
အဆိုပါစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်တာက ပြောကြားခဲ့ပြီး တိန်းလုံကျေးရွာအုပ်စုမှ အမျိုးသား (၄)ဦး၊ အမျိုးသမီး(၁၂)ဦး၊ ကတ်ပြားမိတ္တူ လဲလှယ်သူ(၃)ဦးတို့ကို ဦးစွာစတင်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ်သည် တောင်ပေါ်နယ်စပ်ဒေသဖြစ်သဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို နိုင်ငံသားတိုင်း ကိုင်ဆောင်နိုင်ရေးအတွက် မကြာမီ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးရန် စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အယ်လ်စိုး(ပြန်/ဆက်)