သတင်းများ

စစ်တွေမြို့တွင် ၀န်ထမ်းများစာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
May 28,2021
ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိရန်နှင့် စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင် အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မား စေရေး ရည်ရွယ်ပြီး ဌာနတွင်း ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စစ်တွေခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် အိမ်သုံးမီတာ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား
May 28,2021
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယနေ့နံနက်(၂)နာရီခွဲအချိန်က ဘုံကွင်းကျေးရွာအုပ်စု၊ စမာကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ ပစ္စည်းများ သိုလှောင်ရန် ယာယီဆောက်လုပ်ထားသော (၁၀)ပေပတ်လည် (၃)ပင်(၂)ခန်း၊ သွပ်မိုး၊ ထရံကာ အဆောက်အဦးတစ်လုံး အိမ်သုံး မီတာအပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
May 28,2021
မွန်ပြည်နယ် သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးပြီး ဒုတိယအကြိမ် ဆက်လက်ထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအား ယနေ့ နံနက်က စတင်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်ရှိ ဂျိုင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
May 28,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျုံစိန်ကျေးရွာအနီးရှိ ဂျိုင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကို ယနေ့နံနက်၈နာရီက အဆိုပါဂျိုင်းမြစ်အတွင်း၌ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ထောက်ပံ့ပေးအပ်
May 28,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု ၊ ကျွဲတိကျေးရွာ ၊ ကံဆွယ်ကျေးရွာအုပ်စု ၊ ရွာသာကြီး ကျေးရွာနှင့် အနောက်ကိုင်းကျေးရွာ အုပ်စု ၊ ရွာသစ်ကြီကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄)လုံး ထိခိုက်ပျက်စီးမှုအတွက် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ခရိုင်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနား ညောင်ဦးမြို့ခရိုင်ပညာရေးမှူးရုံးတွင်ကျင်းပ
May 28,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ခရိုင်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးခရိုင်၊ ခရိုင်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မြင်းခြံ၌ ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် အောင်မြင်သော သံဃာတော်များအား အောင်လက်မှတ် ဆပ်ကပ်နိုင်ရေး အစည်းအဝေးပြုလုပ်
May 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် စားမေးပွဲအောင်မြင်သော သံဃာတော်များအား အောင်လက်မှတ်ဆပ်ကပ်နိုင်ရေးနှင့် စာတော်ဆုငွေ လှူဒါန်းနိုင်ရေးအတွက် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီ အချိန်က မင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ စာအုပ် ၊စာစောင်များငှါးရမ်းပေး
May 28,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်နှင့်အညီ စာအုပ်စာစောင် ငှါးရမ်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေး လျက်ရှိသည်။