ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
May 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာလှကြည် (အာဟာရ ဆရာဝန်ကြီး) ရေးသားသည့် “ ဆီးချိုသွေးချိုနှင့် မြန်မာ့ဓလေ့အစားအစာ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။