ငဖဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလက်ခံဆောင်ရွက်
May 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ သက်ဆိုင်ရာ အခြေခံပညာ ကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါအခြေခံပညာကျောင်းများသို့ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်းနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။