ကျိုင်းတုံမြို့နယ်၊ ပိန်းကျောက်ရွာ၌ အမတသုခ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ပွဲကျင်းပ

 

ကျိုင်းတုံ မေ     ၂၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပိန်းကျောက်ရွာ၌ ရွှေတိဂုံပုံတူ အမတသုခ  ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ပွဲကို ယမန်နေ့က  ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာဆိုင်ရာများ၊ ဧည့်ပရိသတ်များက ကျိုင်းတုံမြို့ ထေရဝါဒဗုဒ္ဓသာသာနပြု (ဗဟို)ကျောင်းဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ပြီး ရွှေထီးတော်ဘုံဆင့်များ၊ ဌာပနာတော်များနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး မိုင်းခွန် ထေရဝါဒ ဗုဒ္ဓသာသနာပြုဆရာတော်က ကျေးဇူးတင်ဝမ်းမြောက် ဩဝါဒကထာ မိန့်ကြားသည်။

 

ဆက်လက်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဘုရားဒါယကာများက စေတီတော်၏ ရွှေထီးတော် ပထမဘုံဆင့်နှင့် အရံစေတီတော်များအား ရွှေထီးတော်များ တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်