မြဝတီ မေ ၂၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့ နံနက်(၉)နာရီအချိန်က မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးငယ်များအားလုံး “ပညာသင်ယူခွင့်ရရှိစေဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ သူငယ်တန်း(KG)မှ ဒသမတန်း (Grade-11) သင်ရိုးဟောင်း အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်နေခြင်းကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအချိန်အထိ သတ်မှတ်ပြီး ကျောင်းအပ်နှံရာတွင်လည်း အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်းနှင့် မျက်နှာအကာ(Face Shield)တို့ကို အခမဲ့ထောက်ပံ့ပေးသွားဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)