ရေတာရှည်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် မေလ(၂၄)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံ

​ရေတာရှည် မေ ၂၄

ပဲခူးတိုင်း​ဒေသကြီးတောင်ငူခရိုင်ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် အ​ခြေခံပညာ​ကျောင်းများအား စတင်ဖွင့်လှစ်​တော့မည်ဖြစ်သဖြင့် ကျောင်းနေ အရွယ် ကလေးများ အားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ​ကျောင်းအပ်လက်ခံခြင်းများကို သက်​ဆိုင်ရာ​ကျောင်းများအလိုက် လက်ခံ​ဆောင်ရွက်လျက်ရှိသည်။

ကျောင်းအပ်နှံခြင်းကို မေလ ၂၄ ရက်​နေ့မှ ၃၁ ရက်​နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး  အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face   Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)