သတင်းများ

မြောင်းမြမြို့နယ်တွင် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြု မူလတန်းစာမေးပွဲ ကျင်းပမည်
May 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြုမူလတန်းစာမေးပွဲတို့ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဇွန် ၁ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
ကော့သောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံ
May 24,2021
အခြေခံပညာကျောင်းများအား ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာ သင်ယူခွင့် ရရှိစေရေးအတွက် မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင်ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် Home Garden စိုက်ပျိုးရန်အတွက် သစ်သီးဝလံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
May 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိရန်နှင့် တစ်ပိုင်တစ်နိုင်သစ်သီးဝလံများစိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းတွင် Home Garden စိုက်ပျိုးရန်အတွက် သစ်သီးဝလံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မြို့စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဓနုဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 24,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၁၀၈)ခြေမြန်တပ်ရင်းတွင် ၂၀၂၁-ခုနစ်၊ ယနေ့ နံနက် ၁၁ နာရီက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးအောင်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်မောင်ဝင်းမှ အမှာစကားပြောကြားခဲ့သည်။
ထားဝယ်မြို့အတွင်း ရေပေးဝေရေးလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
မန့်ဟီးရိုးမြို့၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် “ရုံးသုံး မြန်မာစာရေးသားနည်း” စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း ဆောင်ရွက်
May 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်သူများအား အသိပညာတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ကလိန်အောင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်
May 24,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ ကျောင်းအပ်လက်ခံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်
May 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။