စေတုတ္တရာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆိုင်းဘုတ်တင်အခမ်းအနားနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

စေတုတ္တရာ မေ ၂၄ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆိုင်ဘုတ်တင်အခမ်းအနားနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၇)နာရီ အချိန်က စေတုတ္တရာမြို့ အ.ထ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးရုံး မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးသိန်းဇော်တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆိုင်ဘုတ်တင် အခမ်း အနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်တို့က ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင် နှင့် မြို့နယ်ပညာရေးမှူးရုံး တာဝန်ခံဦးသိန်းဇော်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်ပညာရေးမှူးရုံး မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးသိန်းဇော်တို့က နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ Face Shield ၊ Maskနှင့် ဘောပင်ခဲတံများအား ကျောင်းသားကျောင်းသူများထံသို့ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် စေတုတ္တရာမြို့နယ်တွင် အခြေခံပညာ ကျောင်းများကို ယနေ့ မေ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ် လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ခင်သန်းလှိုင်