ကော့သောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံ

 

ကော့သောင်း၊  မေ ၂၄

အခြေခံပညာကျောင်းများအား ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာ သင်ယူခွင့် ရရှိစေရေးအတွက် မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင်ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် ()နှစ်အရွယ် ကလေးများကို သူငယ်တန်း၊ ()နှစ်အရွယ် ကလေးများကို ပထမ တန်း အပ်နှံရမည်ဖြစ်ပြီး ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ဆဌမတန်း၊ သတ္တမတန်း၊ ဒဿမတန်း တို့ကို(သင်ရိုးသစ်)နှင့် သတ္တမတန်း၊ အဌမတန်း၊ ဒဿမတန်းတို့ကို (သင်ရိုးဟောင်းတို့ဖြင့် သင်ကြား ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းသိရသည်။

"ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြ ပါစို့" ဆောင်ပုဒ်နဲ့ အညီ  ယနေ့မှ စတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးလျှက်ရှိရာ ကော့သောင်း မြို့၏ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်()အထက အမှတ်()အထက ရွှေမင်းဝံ အထကခွဲနှင့်အဏ္ဏဝါအထကခွဲကျောင်းများတွင် ကျောင်းသားမိဘများ လာရောက် ကျောင်းအပ်နှံ လျှက်ရှိသည်ကိုတွေ့ရသည်။

ဒီကနေ့စပြီးကျောင်းအပ်နှံတာကိုလက်ခံဆောင်ရွက်ပေးတာပါ၊ ပထမဆုံးရက်ဆိုတော့ ကျောင်းလာပြီး အပ်နှံတာ အနည်းငယ်ဘဲ့ရှိပါသေးတယ်၊ နောက်ရက်နောက်ရက်တွေမှာတော့ ပိုပြီးများလာပါလိမ့်မယ်၊ လက်ရှိ ဖြစ်ပွား နေတဲ့အခြေအနေတွေအရ ကျောင်းသားမိဘတွေက စိုးရိမ်မှုအနည်းငယ် တော့ရှိနေပုံရတယ်၊ ကျနောတို့ ကျောင်း အနေနဲတော့ ပညာသင်ကြားမဲ့ ကျောင်းသား/သူတွေကို လုံခြုံမှု အပြည့်အဝပေးတဲ့ အစီအမံတွေဆောင်ရွက်ထားတာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး လာပြီးကျောင်းအပ်နှံကြပါလို့ ပြောလိုပါတယ်ဟု အထက()ကော့သောင်း က ကျောင်းအုပ်ဆရာကြီးဦးကျော်ငွေ ကပြောသည်။

ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face   Shield စသည့် ပစ္စည်းများကိုအခမဲ့ ထောက်ပံ့ပေးလျှက်ရှိကြောင်း၊ ကျောင်းများကို COVID -19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား/ကျောင်းသူများ မကြာခဏ လက်ဆေးနိုင်ရန် စီစဉ်ထားခြင်း၊ ကျောင်းသားတစ်ဦးလျှင် ပြန်လည်အသုံးပြုနိုင်သည့် Mask နှစ်ခုနှုန်း၊ Face Shield နှင့် ကျောင်းသုံးဖတ်စာအုပ်များအပြင် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း သိရသည်။

  ကျော်စိုး(ကော့သောင်း)