ဓနုဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ မေ ၂၄


ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၁၀၈)ခြေမြန်တပ်ရင်းတွင် ၂၀၂၁-ခုနစ်၊ ယနေ့ နံနက် ၁၁ နာရီက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးအောင်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်မောင်ဝင်းမှ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီး ခ.မ.ရ(၁၀၈)မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူးတေဇာစိုးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)