မြောင်းမြမြို့နယ်တွင် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြု မူလတန်းစာမေးပွဲ ကျင်းပမည်

မြောင်းမြ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြုမူလတန်းစာမေးပွဲတို့ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဇွန် ၁ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဓမ္မာစရိယ စာမေးပွဲကို ဇွန် ၁ ရက်နေ့မှ ၉ ရက်နေ့အထိနှင့်  ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြုမူလတန်းစာမေးပွဲကို ဇွန် ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ စကြာသီဟ၊ စကြာနန္ဒာဘုရားဝန်းရှိ ထွန်းညွန့်ရတနာစံကျောင်းဆောင်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဓမ္မာစရိယစာမေးပွဲတွင် ရဟန်း (၆၇)ပါး၊ သာမဏေ (၃)ပါး၊ သီလရှင် (၂)ပါး၊ ပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း(၃၀)ပါး၊ ပထမလတ်တန်း(၂၈)ပါး၊ ပထမငယ်တန်း(၄၆)ပါးနှင့် အခြေပြုမူလတန်း(၁၃၉)ပါး စာမေးပွဲနှစ်ရပ်ပေါင်း စုစုပေါင်းစာဖြေသံဃာတော် (၃၁၅)ပါး စာရင်းပေး ဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရ  သိရသည်။

ကေခိုင်စိုး(မြောင်းမြ)