ထားဝယ် မေ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရေပေးဝေရေး၊ ရေရရှိရေးနှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ လုပ်နိုင်စွမ်းရှိသော ကုမ္ပဏီများကို လာရောက်ပြီး ရှင်းလင်းတင်ပြကြရန် ဖိတ်ခေါ်လျက်ရှိကြောင်း၊ မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်အနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက် & Bright Blue Water International Corporation Co; Ltd က ရေပေးဝေရေး၊ ရေရရှိရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)