ကလိန်အောင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ကလိန်အောင်  မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ ကျောင်းအပ်လက်ခံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် ကျောင်းသားမိဘများကို ငွေကြေးကောက်ခံခြင်း မရှိဘဲ၊ ကျောင်းသားကျောင်းသူ များအတွက် Mask၊ Face shield၊ ကျောင်းသုံး ပြဌာန်းစာအုပ် ၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ စသည်တို့ကို ထောက်ပံ့ပေးလျက်ရှိပြီး မေလ (၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလို ကျောင်းအပ်လက်ခံပေးနေသည့် အခြေခံပညာကျောင်းများသို့ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)