သတင်းများ

ပုလဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာ ခန်းမ၌ ယနေ့ နံနက်  ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်/ ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများ၏   ဒေသဖွံ့ဖြိုးရေး  လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ် သမဝါယမအသင်းစု (လီမိတက်) နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲအခမ်းအနားကျင်းပ 
Jun 15,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ ်သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းစု (လီမိတက်) နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
မင်းပြားမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေလမ်းခရီးသွားပြည်သူများအား  Life Jacket စနစ်တကျဝတ်ဆင်ရေး အသိ ပညာပေး 
Jun 15,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အနေဖြင့် မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်၍ သဘာဝဘေးအန္တရာယ ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေလမ်းခရီးဖြင့်သွားလာနေကြသော မိဘပြည်သူများအနေဖြင့်    Life Jacket စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန် ယမန်နေ့ နံနက် ၉ နာရီက ဦးစိုးတင့် ရပ်ကွက် စက်လှေဆိပ်၌ လက် တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
သထုံမြို့နယ်တွင် သံဃာတော်တစ်ပါးထံမှ ကိုဗစ်-၁၉ ရောဂါ ပိုးအတည်ပြု စစ်ဆေးတွေ့ရှိ 
Jun 15,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက သံဃာတော်တစ်ပါးထံမှ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 
ဂန့်ဂေါမြို့ ယာယီပျံကျဈေးနှင့် မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် 
Jun 15,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ ယာယီပျံကျဈေးနှင့်မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မဈေးအကျိုးတော်ဆောင် အဖွဲ့ဝင်များက ဈေးရောင်းသူနှင့် ဈေးဝယ်သူများအား  နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်း များကို ယနေ့နံနက်(၇)နာရီအချိန် ဆောင်ရွက်ခဲ့ကြသည်။ 
ဘူးသီး‌တောင်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်ပွဲ  ကျင်းပ 
Jun 15,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်း မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဘူးသီးတောင်မြို့ အထွေ‌ထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 
မုံရွာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Jun 15,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ  မြို့နယ် ဦးစီးမှူး ဦးဆန်းမင်း‌အောင်နှင့် ဝန်ထမ်းများက  ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို မေလပထမပတ်မှစတင်၍  မုံရွာမြို့နယ်ရုံးတွင်  ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ 
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 15,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာ ခန်းမ၌ ကျင်းပပြုလုပ်သည်။