ဘူးသီးတောင် ဇွန် ၁၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်း မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဘူးသီးတောင်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်စေရန်၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍ၏ အခြေခံအကျဆုံးမှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဖြစ်ပါကြောင်း၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများသည် တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ကိစ္စရပ်များနှင့် ပတ်သတ်၍ အသိပညာတိုးပွား လာပြီး ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး၊ လုပ်နည်းများကို သိရှိနားလည်ကာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာပြီး လုပ်ငန်းအရည်အသွေး ပြည့်ဝစေရေးအတွက် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း သင်တန်းက ပို့ချပေးလိုက်သော ဘာသာ ရပ်များကို အများ ပြည်သူတို့အကျိုးအတွက် ပြန်လည်အသုံးပြုစေလိုကြောင်း၊ ဆောင်ရန်/ရှောင်ရန် ကိစ္စရပ်များ အား လေ့လာဆည်ပူး မှတ်သားကြစေလိုကြောင်း ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဘူးသီးတောင် မြို့နယ်အတွင်း ကျေးရွာ အုပ်စု(၈၅)စုရှိကာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၈၅) ဦး တက်ရောက် လျက်ရှိပြီး သင်တန်းကို ဇွန်လ(၁၅)ရက်နေ့မှ(၂၈) ရက်နေ့ထိ ဘူးသီးတောင် မြို့နယ်ရှိ ဌာနဆိုင်ရာအကြီးအကဲများမှ ဌာနအလိုက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)