ဂန့်ဂေါမြို့ ယာယီပျံကျဈေးနှင့် မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် 

ဂန့်ဂေါ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ ယာယီပျံကျဈေးနှင့်မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မဈေးအကျိုးတော်ဆောင် အဖွဲ့ဝင်များက ဈေးရောင်းသူနှင့် ဈေးဝယ်သူများအား  နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်း များကို ယနေ့နံနက်(၇)နာရီအချိန် ဆောင်ရွက်ခဲ့ကြသည်။

 

ကိုဗစ်-၁၉ တတိယလှိုင်းမျိုးရိုးဗီဇပြောင်း ကူးစက်မြန်ရောဂါသည် မိမိဒေသနှင့်ထိစပ်လျက်ရှိသည့်  ကလေးမြို့နယ်၊ တမူးမြို့နယ်များတွင် ဖြစ်ပွားနေသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန် ရည်ရွယ်ပြီး ဂန့်ဂေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးနှင့်ဝန်ထမ်းများ၊ ဂန့်ဂေါမြို့၊  မြို့မဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ သည် ဂန့်ဂေါမြို့လေယာဉ်ကွင်းရှိ ယာယီပျံကျဈေးနှင့် မြို့မဈေးကြီးတွင် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင် အသုံးပြုစေရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို   ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုများပြားလာသည့်အတွက် ဂန့်ဂေါမြို့နယ်ရှိ ပြည်သူများသည် နေအိမ် ပြင်ပသို့ မဖြစ်မနေသွားလာရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်အသုံးပြုစေရေးနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask (၃၀၀)ကို အခမဲ့ဖြန့်ဝေခဲ့ကြသည်။

မောင်မျိုးမင်း(ယော)