မော်လမြိုင်ကျွန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၁၅

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊   မော်ဧရာ ခန်းမ၌  ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော် က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူး ဒေါ်ရတနာမော် က ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်း၊ ပညာရေး ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးကျော် က ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု့မှ ကာကွယ်စောင့်ရှောက်ခြင်း၊ ဥပဒေအရ ပြစ်မှု့ပြစ်ဒဏ်များ၊ ကလေးသူငယ်တရားစီရင်ရေး စသည့် ကလေးသူငယ် အခွင့်အရေးများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းကြပြီး၊ အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

သီတာအောင်(ပြန်ဆက်)