မင်းပြား ဇွန် ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အနေဖြင့် မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်၍ သဘာဝဘေးအန္တရာယ ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေလမ်းခရီးဖြင့်သွားလာနေကြသော မိဘပြည်သူများအနေဖြင့် Life Jacket စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန် ယမန်နေ့ နံနက် ၉ နာရီက ဦးစိုးတင့် ရပ်ကွက် စက်လှေဆိပ်၌ လက် တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Life Jacket စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့သရုပ်ပြရာသို့ မင်းပြားမြို့နယ ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များမှ ဦးစိုးတင့်ရပ်ကွက်အနီးရှိ စက်လှေဆိပ်နှင့်ဘုတ်ဆိပ်များ၌ မင်းပြားမြို့၊ မြို့မဈေးကြီးသို့ ကုန်ရောင်း၊ ကုန်ဝယ်လာရောက်ကြသော အမ်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်နှင့် အနီး အနား ပတ်ဝန်း ကျင်ကျေးရွာများမှ ရေလမ်းခရီးဖြင့် ဈေးရောင်းဈေးဝယ် ရောက်ရှိလာသည့် ပြည်သူများအား မိုးရာသီ၌သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် Life Jacket စနစ် တကျဝတ်ဆင် အသုံးပြုတတ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြဝတ်ဆင်ပြသ ခြင်း၊ ခရီးသွားပြည်သူများအနေဖြင့် Life Jacket စနစ်တကျဝတ်တတ်စေရန် လက်တွေ့ပြသ ခြင်းများဆောင် ရွက်ခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးက ကျေးရွာများသို့ ရေလမ်း ခရီးဖြင့်ပြေးဆွဲပေးနေသော စက်လှေပိုင်ရှင်များအား Life Jacket မပါရှိပါက ဝယ်ယူဆောင် ရွက်ထားရှိရေးအသိပညာပေးခြင်းနှင့် Life Jacket အသက်ကယ်အင်္ကျီအသုံးဝင်ပုံများအား ခရီးသွား ပြည်သူများအနေဖြင့် နားလည်သဘောပေါက်စေရန် မြို့နယ်မီးသတ်ဦးစီးမှူးမှ ရှင်းလင်းပြော ကြားခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း