မုံရွာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

မုံရွာ  ဇွန် ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ  မြို့နယ် ဦးစီးမှူး ဦးဆန်းမင်း‌အောင်နှင့် ဝန်ထမ်းများက  ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို မေလပထမပတ်မှစတင်၍  မုံရွာမြို့နယ်ရုံးတွင်  ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ 

ပန်းခင်း စီမံချက်အရ  မြို့နယ်အတွင်း  အမှန်တကယ်နေထိုင်သူ  လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင် ကတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်ပြီး လူဦးရေစာရင်းမရှိသူများ၊ မှတ်ပုံတင်ကတ်မရှိသူများကို ပန်းခင်း စီမံချက်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စတင်ပြုလုပ်ပေးသည့်  မေလလ(၃)ရက်နေ့မှ  ယနေ့အထိ   အိမ်ထောင်စုစာရင်း (၉၄)ခု၊  နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၈၀)ခု၊  ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး ဦးဆန်းမင်းအောင်က ပြောကြားသည်။ 

အလားတူ  ရပ်ကွက်နှင့်ကျေးရွာများသို့လည်း  မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏   စီမံလမ်းညွှန်မှူဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

 

ထိန်လင်း