သထုံမြို့နယ်တွင် သံဃာတော်တစ်ပါးထံမှ ကိုဗစ်-၁၉ ရောဂါ ပိုးအတည်ပြု စစ်ဆေးတွေ့ရှိ 

သထုံ    ဇွန်    ၁၅ 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက သံဃာတော်တစ်ပါးထံမှ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ဗုဒ္ဓရက္ခိတကျောင်းတိုက်မှ သက်တော် (၆၆) နှစ်အရွယ် သံဃာတော်တစ်ပါးမှာ အနံ့ပျောက်ခြင်းဖြစ်ပေါ်နေ၍ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Clinic ၌ Covid-19 Rapid Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပိုးတွေ့ သံဃာတော်အား သထုံမြို့ရှိ အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေး အသင်းက မော်လမြိုင်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာ Isolation Ward (3) သို့ ပို့ဆောင်ပေးကာ တာဝန်ရှိသူတို့က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ကိုကိုဦး