မြန်မာတို့၏ မိရိုးဖလာ ရိုးရာလုပ်ငန်းတစ်ခုဖြစ်သော သင်ဖြူးဖျာ ရက်လုပ် ခြင်းလုပ်ငန်း
May 19,2021
သင်ဖြူးဖျာရက်လုပ်ခြင်း လုပ်ငန်းသည် မိရိုးဖလာ ရိုးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာတို့၏ ရှေးယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာအရ ရှင်ပြု၊ ရဟန်းခံ၊ မင်္ဂလာဆောင်တို့၌ မပါမဖြစ်သော အသုံးအဆောင် ပစ္စည်းဖြစ်၍ နိုင်ငံခြားမှ တင်သွင်းလာသော ဖယောင်းပုဆိုး၊ လီနိုလီယမ်စသော ကြမ်းခင်းပစ္စည်းများ မည်သို့မျှပင်လှပ ကောင်းမွန်စေကာမူ သင်ဖြူးဖျာကဲ့သို့ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ ထားသိုရန်လွယ်ကူခြင်း၊ တန်ဖိုးမများပဲ အသုံးခံခြင်းမရှိသဖြင့် မြန်မာနိုင်ငံဖွား တိုင်းရင်သားများသည် သင်ဖြူးဖျာကို ယနေ့တိုင်စွဲစွဲမြဲမြဲ သုံးစွဲခဲ့ကြသည်။