မော်လမြိုင် မေ ၁၉
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများတို့သည့် ယမန်နေ့မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးတွင် စည်ပင်သာယာ ရေး အဖွဲ့ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက “မြို့တိုင်းမြို့ တိုင်း သန့်ရှင်းသာယာလှပရေးကို အဓိကကျတဲ့ စည်ပင်သာယာ အနေနဲ့ ဆက်လက်ပြီး လုပ်ကိုင်ဆောင် ရွက်နိုင်တဲ့ အခြေအနေ၊ လုပ်ကိုင် ဆောင်ရွက်မယ့် အစီအစဉ်၊ လုပ်ကိုင်ဆောင်ရွက်တဲ့အစီအမံတွေနှင့် တာဝန် ရှိသူအနေနဲ့ ဘာတွေများနေ့စဉ်ဆောင်ရွက်နေတယ် ဆိုတာတွေကို သိချင် ပါကြောင်း၊ မြို့တိုင်း မြို့တိုင်း သန့်ရှင်းသာယာလှပရေးကို အဓိကထားပြီး ဆောင်ရွက်နိုင်ဖို့အတွက် မှာကြားလိုပါကြောင်း၊ မြို့နယ်တိုင်း သန့်ရှင်းသာယာ လှပရေးကို အပြိုင်အဆိုင်လုပ်စေလိုပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့် ပေးသွား မည်ဖြစ်ပါကြောင်း၊ တာဝန်များခွဲဝေချထားပေးရာတွင် တိတိကျကျပေး စေလို ပြီး တာဝန်များ ကိုလည်း ပြီးပြတ်အောင်ဆောင်ရွက် ရမှာဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်ကြည်သိန်းမှ မိတ်ဆက်အမှာစကား ပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကို၊ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွဋ်နှင့် တာဝန်ရှိသူများတို့က မြို့တော် သန့်ရှင်းသာယာလှပရေး၊ ဈေး၊ လမ်း၊ တံတား၊ ရေပေးဝေရေးလုပ်ငန်းနှင့် ဝန်ထမ်းခန့်ထားဆောင် ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝေလင်းအောင်